Saturday, September 29, 2007

Save Burma....


Tuesday, September 25, 2007

ဒီနေ့ ၂၆ ရက်နေ့

ကော်နီ ဒီရက်တွေ မှာ ဘာမှလုပ်ဖို့ စိတ်မ၀င်စားပါဘူး ..... အချိန်နဲ့ အအမျှ မြန်မာပြည် သတင်းတွေပဲ စောင့်ပြီး ကြည့်နေပါတယ် ....အခုအချိန် အထိတော့ စစ်အစိုးရဘက်က အကြမ်းဖက် နှိမ်နင်းတာ မတွေ့ရသေးဘူး ....


မနေ့ည က သရုပ်ဆောင် ဇာဂနာ ... ကျော်သူ နဲ့ အတူ သံဃာ တော်တွေ ကို ကူညီပေးသူ တစ်ချို့ ကိုဖမ်းသွားတယ်လို့ သတင်းတွေမှာ တွေရပါတယ် .....ညမထွက်ရအမိန့်လဲ .. ထုတ်ထားပါတယ် ....
ပြည်းတွင်းပြည်ပ ကလူတွေရဲ့ သတင်း ဖြန့်ချီပေးမှု ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ် ....

အထူးသဖြင့် တာဝန်ကျေတဲ့ ဘလော့ဂါတွေပါ ....ဘာပဲပြောပြောအားလုံး သတိရှိကြဖို့ ကော်နီပြောချင်ပါတယ် .....ဒီနေ့ ၂၆ ရက်နေ့ က စပြီး စစ်အစိုး အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေရှိလာနိုင်တယ် .....အယောင်ဆောင် တွေ ကို သတိထားကြပါလို့ ပြောချင်ပါတယ် .....


အရေးတော်ပုံ အောင်မှာပါ .....

Friday, September 14, 2007

ကော်နီ အဆိုတော် မဟုတ်ပါ .....

ကော်နီ့ ရဲ့ ဘလော့ကို ၀င်ပြီးဖတ်ပေးကြတဲ့ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်...ဘလော့ကို သတိမရပဲ ပစ်ထားတာကြဘီ .... မနေ့ က ၀င်မိလို့ ....


ဘလော့တွေလိုက်ဖတ်ရင်း ...MyanmarBloggerDirectory ဘလော့ မှာ ကော်နီ(Vocalist) ဆိုပြီးတွေ့မိလို့ ...


ဒါပေမယ့် ... MyanmarBloggersDirectory မှာ ရေးထားသလို ကော်နီ Vocalist မဟုတ်တဲ့ အကြောင်း ပြောပါရစေ ...ကိုညီလင်းဆက် ကိုတော့ comment ရေးပြီး အသိပေးထားပါတယ် .. ဒါပေမယ့် အခုထိတော့ မပြင်ပေးသေးဘူး ....


တယ်ကယ်လို့ များ အဆိုတော်မကော်နီ မြင်လို့ရှိရင် .. သူနာမည့် အလွဲသုံးစားလုပ်တယ် ထင်နေမယ်ထင်တယ် ...အဲဒီအတွက် လဲ . ကော်ကော် ဒီပိုစ်နဲ့ ပဲ တောင်းပန်ပါတယ်နော် .... အဆိုတော် မကော်နီ ရဲ့ ဘလော့လို့ ထင်ပြီး ၀င်ဖတ်ကြတဲ့သူတွေကို လည်း တောင်းပန်းပါရစေ .....


ကျေးဇူး ...