Tuesday, March 9, 2010

သတိ လေမလည်ရ


ဂျပန် ဘုရင့်မြေးတော်လေးက ပြေးလာတဲ့ ကျောင်းသားလေးနဲ့တိုက်မိလို့ လန့်ပြီ အိမ်ပြန်သွားရတယ် တဲ့ သူ့နားမှာ လေလည် မရင်လည်း လန့်မယ်ပုံပဲ… အလင်းတန်းဂျာနယ် မှာဖတ်လိုက်ရတာပါ။

Monday, February 1, 2010

Amazing Blogger Skin

ဒီနေတော့ ဘလော့လေးကို အင်္ကျီလေးပြောင်းဝတ်ပေးလိုက်ပါတယ်... http://www.bloggertemplatesblog.com ကနေရတာပါ... အဒီဆိုဒ်မှာ ဘလော့ဂါ အင်္ကျီလေးတွေ တော်တော်လှပါတယ်... ကော်နီ တော့ ခဏခဏ အင်္ကျီ လဲဖြစ်တော့မယ်ထင်ပါတယ်...

Sunday, December 27, 2009

မြန်မာကြော်ငြာ


ဒီပုံလေးကတော့ ရိုးရိုးလေးပါ... ကိုယ်ဝန်ဆောင် အမျိုးသမီးပုံစံ နဲ့ ပုလဲဝင်းက သရုပ်ဆောင်ပြီးရိုက်ထားတဲ့ ကိုယ်ဝန်ဆောင်ကလေးအားဆေးပါ... ဒီပုံမှာ လွဲနေတာ တစ်ခုရှိပါတယ်... အဲတာကတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးက ဗိုက်ပဲကြီးနေတာပါပဲ.. အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တဲ့ အခါ ဗိုက်ပဲ ကြီးလာတာ မဟုတ်ပါဘူး..ရင်သား တွေလည်း အထိုက်အလျှောက် ကြီးလာပါတယ်... မြန်မာ ကိုယ်ဝန်ဆောင် အာဆေး ကြော်ညာ တွေ နဲ့ ရုပ်ရှင် ဗီဒီယို ဇာတ်လမ်း တွေက ကိုယ်ဝန်ဆောင်တဲ့အခန်းတွေ မှာ အဲလို အမှားတွေ တွေ့ရတာများပါတယ်.... အခုတော့ ရင်သားတွေ မကြီးပဲ ဗိုက်ပဲ ထွတ်နေတာ့ ရေဖျဉ်းစွဲ နေတာနဲ့တူပါတယ်....

Sunday, December 20, 2009

မြန်မာ ပေါ့အဆိုတော် MTV EXIT ကင်ပိန်း သံအမတ်အဖြစ်ရွေးချယ်ခံရ (သို့) အရူးကို အမဲသားကျွေးခြင်း…

ကဲ… ဒေါ်ဖြူဖြူကျော်သိန်းတော့ အမ်တီဗီ သံအမတ်အဖြစ် အရွေးခံလိုက်ရပါတယ်… တကယ်တော့ ဖြူဖြူကျော်သိန်း ထက် ပိုပြီးတော့ ထိထိရောက်ရောက် လုပ်ပေးနိုင်မယ့် အဆိုတော်တွေရှိရဲ့သားနဲ့ သူ့ကိုရွေးလိုက်တာမှားတယ်လို့ပြောချင်ပါတယ်… ဖြူဖြူကျော်သိန်း အနေနဲ့ ကြွားစရာတစ်ခု ရတယ်ဆိုတာထက် ပိုလုပ်ပေးနိုင်ပါစေလို့ပဲ ကော်ကော် ဆုတောင်းလိုက်ပါတယ်… ဂေါ့ဘလပ်စ် ယူ ဖြူဖြူ

source: Mizzima News Agency

Friday, November 27, 2009

နတ်မိမယ်များ...


ဒီနေ့ကြည့်မိတဲ့ ဇာတ်လမ်းလေးကတော့ "နတ်မိမယ်" ဆိုတဲ့ မြန်မာဗွီဒီ ယိုဇာတ်လမ်းလေးပါ…
ဒါရိုက်တာ က တော့ တင့်တင့်ထွန်း ဖြစ်ပြီးတော့… ဇာတ်လမ်း အစမှာပဲ သူ ပထမ ဦးဆုံးဒါရိုက်တာလုပ်ပြီး သရုပ်ဆောင်သော ဇာတ်လမ်းဖြစ်ပါကြောင်း… လိုအပ်ချက်များရှိပါကြောင်း.. နားလည်ခွှင့်လွှတ်ပေးစေချင်တဲ့ အကြောင်းစာတမ်းထိုးထားခဲ့ပါတယ်….

မတင့်က ဒီကားကို Charles Angels လိုလို Naked Weapon လိုလို ရိုက်ချင်တယ်နဲ့တူပါတယ် …ဇာတ်လမ်းကတော့ တော်တော် မကောင်းပါဘူး… ရိုက်ထားတာတွေ လည်းညံ့ပါတယ်… ဇာတ်ကားကလည်း အချိတ်အဆက်မကောင်းပါဘူး…
အဲဒါကြောင့် ဇာတ်လမ်းကို ဆုံးအောင်တောင် မကြည့်ဖြစ်လိုက်ဘူး… (အားနာပါတယ် မတင့်ရေ).. ဆက်ကြိုးစာပါ… အားမလျှော့ပါနဲ့လို့တော့ ပြောချင်ပါတယ်…

ဒီဇာတ်ကားကိုတော့ Burmese Classic မှာ သွားကြည့်ဖို့ပြောလိုက်ပါရစေ

ဒီဇာတ်ကားဟာ တော် ရှေ့နောက်မညီပါဘူး…

ဥပမာ… အရောင်းစားရေးမ တင့်တင့်ထွန်းဟာ သူအလုပ်ပြုတ်တဲ့အကြောင်းကို လမ်းဘေး POC ကနေ သူ့သူငယ်ချင်းကို ဖုန်းဆက် အကြောင်းကြားပီး.. နောက်တစ်ခန်းမှာ တော့ ဟန်းဖုန်း ကိုင်နေတာပါပဲ….

ပြီးရင် ပိုက်ဆံမရှိတဲ… ဒါမှမဟုတ့် ၀င်ငွေမကောင်းနိုင်တဲ့ ကောင်မလေးတွေဟာ.. ကလပ်မှာ (DJ Bar ဖြစ်မယ်ထင်တယ်) သွားပြီးကဲနေကြတာ…

ဘာမှန်းမသိတဲ့ အလုပ်တွေ လုပ်ဖို့.. Physical training တွေလုပ်နေတာ….

ချုံပြီးတော့ ပြောရရင်တော့… ဒီဇာတ်လမ်းဟာ မတင့်က သူပြသချင်နေတဲ့.. sexy ဖြစ်မှုတွေ… သူရဲ့ သီချင်းတွေ .. stripper ဆန်ဆန်ပြကွက်တွေကို.. အဆက်အစပ်မရှိ … ဇာတ်လမ်းမကောင်း…. ဆင်ဆာ အဖြတ်အတောက်မခံရပဲ .. မိုးဟေကို နဲ့ သင်ဇာဝင်ကျော်ကို အားကိုးပြီးပြသွားတယ်လို့ပြောရမှာပဲ..

ပြချင်တာတွေ တအားများနေတယ်လို့ထင်ပါတယ်…

ဒီဇာတ်လမ်းထဲက ကကွက် ပြကွက်တွေကတော့ လန်းတယ်လို့ ကော်ကော်ပြောချင်ပါတယ်…
ဝါသနာပါရင် ကြည့်လို့ရအောင်ပေါ့….

Monday, November 23, 2009

ကော်နီ.. ပြန်လာပါဘီ

ကော်နီ ပြန်လာပါဘီ ဆိုလို့ ကော်ကော် တစ်ခြားဂြိုလ် သွာနေတယ်များမထင်လိုက်ပါနဲ့အုံးနော်...
အင်းထင်မယ်ဆိုရင်လည်းထင်လောက်ပါတယ်.. ကော်ကော်လည်း ဘလော့ကိုပစ်ထားတာ ကြာမှကိုး...
ဒီလောက်အကြာကြီး ဘလော့ကို ပစ်ထားပြီး ဘယ်များသဝေ ထိုးနေသလဲလို့ မေးချင်ရင်မေးလို့ရပါတယ်...
ဘယ်မှသဝေမထိုးပါဘူး... ဘန်းကျော်ကို ရောက်နေလို့ ဘလော့ရေးရမှာကို စိတ်မပါဘူး ဖြစ်နေလို့ပါ...

အခုတော့ အခြေအနေတွေပေးလို့ .. freedom to surf လို့ရတဲ့နေရာကို ရောက်ပီဆိုတော့.. ကော်ကော် ဘလော့ပြန်ရေးပါတော့မယ်....

Monday, March 10, 2008

Lars And The Real Gril


ဒီတစ်ခါ ပြောချင်တဲ့ ရုပ်ရှင် က Lars And The Real Girl ပါ ...
အလွန် ရှက်တတ် တဲ့ Lars ဆိုတဲ့သူရဲ့ ကြောင်းပါ...
Lars ဟာမြို့ငယ်လေး တစ်မြို့ က လူချစ်လူခင် များတဲ့ အသက် ၂၇ နှစ်အရွယ် လူငယ် တစ်ယောက်ပါ....
ရှက်တတ်လွန်းပြီး မိန်းကလေး တွေနဲ့ အတွေအထိမရှိတဲ့ Lars တစ်ယောက်
Delusion ရလာပါတော့တယ် ...

သူဟာ အင်တာနက် ပေါ် ကနေ ၀ယ်လာတဲ့ အရုပ်ကြီး ကို
သူ အင်တာနက်ပေါ် မှာ ဆုံခဲ့တဲ့ ရည်းစား အဖြစ်နဲ့ သူ့ အကို နဲ့ မရီး ကို စမိတ်ဆက်ပေးပါတယ်...
သူ့ အစ်ကို က Lars ကိုရူးနေဘီလို့ ထင်ပြီး ... မရီး ဖြစ်သူ ကတော့ ကူညီပေးဖို့ စိတ်အားထက်သန်နေပါတယ်....

နောက်ပိုင်းမှာ တော့ Lars ကို ခင်မင် ကြတဲ့ မြို့သူမြို့သား တွေ ကပါ လားရဲ့ အရုပ် ရည်းစား Bianca ကို
လူတစ်ယောက်လို ဆက်ဆံလာ ကြပါတော့တယ်....

ရီစရာလည်း ကောင်း.. သနားစရာလည်း ကောင်းတဲ့ ဒီ ဇာတ်လမ်းဟာ စိတ်ရောဂါ အကြောင်းလည်း ပညာရပါတယ်....
၂၀၀၇ အတွက် အော်စကာ ဆု စကာတင် စားရင်းဝင်ခဲ့တဲ့ ဒီ ဇာတ်ကားမှာ...
Lars အဖြစ် မင်းသားချော Ryan Gosling က ဦးဆောင်ပါဝင် သရုပ်တောင်ထားပါတယ်....