Tuesday, September 25, 2007

ဒီနေ့ ၂၆ ရက်နေ့

ကော်နီ ဒီရက်တွေ မှာ ဘာမှလုပ်ဖို့ စိတ်မ၀င်စားပါဘူး ..... အချိန်နဲ့ အအမျှ မြန်မာပြည် သတင်းတွေပဲ စောင့်ပြီး ကြည့်နေပါတယ် ....အခုအချိန် အထိတော့ စစ်အစိုးရဘက်က အကြမ်းဖက် နှိမ်နင်းတာ မတွေ့ရသေးဘူး ....


မနေ့ည က သရုပ်ဆောင် ဇာဂနာ ... ကျော်သူ နဲ့ အတူ သံဃာ တော်တွေ ကို ကူညီပေးသူ တစ်ချို့ ကိုဖမ်းသွားတယ်လို့ သတင်းတွေမှာ တွေရပါတယ် .....ညမထွက်ရအမိန့်လဲ .. ထုတ်ထားပါတယ် ....
ပြည်းတွင်းပြည်ပ ကလူတွေရဲ့ သတင်း ဖြန့်ချီပေးမှု ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ် ....

အထူးသဖြင့် တာဝန်ကျေတဲ့ ဘလော့ဂါတွေပါ ....ဘာပဲပြောပြောအားလုံး သတိရှိကြဖို့ ကော်နီပြောချင်ပါတယ် .....ဒီနေ့ ၂၆ ရက်နေ့ က စပြီး စစ်အစိုး အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေရှိလာနိုင်တယ် .....အယောင်ဆောင် တွေ ကို သတိထားကြပါလို့ ပြောချင်ပါတယ် .....


အရေးတော်ပုံ အောင်မှာပါ .....

0 comments: