Saturday, January 26, 2008

လစ်သွေးနီးယား နိုင်ငံအမည် ပြောင်းလဲမှည့်ခေါ်ရန် အစိုးရစဉ်းစားနေ.... မြန်မာရော..

http://www.khitlunge.org.mm/news/news_detail.aspx?info_id=5059

ခေတ်လူငယ်မှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ပါ ...လစ်သူယေးနီးယား နိုင်ငံ က သူတို့ နိုင်ငံ ကို အင်္ဂလိပ်လို ခေါ်လို့ လွယ်မယ့် နာမည်ပြောင်းမယ်လို့ဆိုပါတယ်....ကော်နီ့ တော့ လစ်သူယေးနီးရား ဆိုတဲ့ နာမည်က ခေါ်လိုလွယ်တယ် လို့ ထင်တာပဲ.....လူတိုင်းလည်း မှန်မှန် ကန်ကန် အသံထွတ်နိုင်ကြတယ်....

တကယ်တမ်း လူတိုင်း ခေါ်လို့ မလွယ် တာက မြန်မာဆိုတဲ့ နာမည်.... အဲ ခေါ်လို့ မလွယ်တာ မဟုတ်ဘူး....မြန်မာ တွေ က လွဲ ရင် မြန်မာ ဆိုတဲ့ နာမည် ကို ပီပီသသ အသံထွတ်နိုင်တဲ့ လူ မတွေ့ဖူးဘူး ...တစ်ကယ်က နာမည် ဆိုတာ က အရေးတော့ မကြီးပါဘူးလေ...ဒါပေမယ်လည်း ကိုယ်နိုင်ငံ ကို တစ်ခြားသူတွေ ပီပီသသ ပြောစေချင်တာပေါ့....အခုတော့ ကိုယ်တိုင် က မြန်မာလို့ အသံ ထွတ်ပြ ရင်လည်း သူများနားမလည်....သူတို့တွေ အသံ ထွတ်ပြန်တော... မီယံမာ... မရန်မာ... မေမာ... တွေစုံလို့ ....ကိုယ်နိုင်ငံ နာမည် ကိုယ်ပြန်ကြားရတာ စိတ်ထဲ တစ်မျိုးကြီးပဲ....

ဘားမား ဆိုရင်တော့ ချက်ချင်းသိသေတယ်.....ဘားမား ဆိုတဲ့ နာမည် ကိုတော့ သိပ်မသုံးချင်ဘူး ...ဘားမား ဆိုတာ က အင်္ဂလိပ်တွေ ဗမာ လူမျိုးတစ်မျိုးထဲ ကိုပဲ ရည်ရွယ်ပြီး ပေးသွားတဲ့ နာမည် လို့ စိတ်ထဲဝင်နေတယ်...တရုတ်တွေ ကျတော့ မြန်မာဆိုရင်မသိဘူး ... မရန်တျန့် လို ခေါ်တယ်ဆိုပဲ ....အရေးကြီးတဲ့ ကိစ်စတော့ မဟုတ်ဘူး.... တစ်ကယ်လို့များ အခြေအနေ ပေးလာရင် .... နာမည် ပြောင်းဖို့ စဉ်းစားသင့်တယ်ထင်တယ်

0 comments: