
ဒီတစ်ခါ ပြောချင်တဲ့ ရုပ်ရှင် က Lars And The Real Girl ပါ ...
အလွန် ရှက်တတ် တဲ့ Lars ဆိုတဲ့သူရဲ့ ကြောင်းပါ...
Lars ဟာမြို့ငယ်လေး တစ်မြို့ က လူချစ်လူခင် များတဲ့ အသက် ၂၇ နှစ်အရွယ် လူငယ် တစ်ယောက်ပါ....
ရှက်တတ်လွန်းပြီး မိန်းကလေး တွေနဲ့ အတွေအထိမရှိတဲ့ Lars တစ်ယောက်
Delusion ရလာပါတော့တယ် ...
သူဟာ အင်တာနက် ပေါ် ကနေ ၀ယ်လာတဲ့ အရုပ်ကြီး ကို
သူ အင်တာနက်ပေါ် မှာ ဆုံခဲ့တဲ့ ရည်းစား အဖြစ်နဲ့ သူ့ အကို နဲ့ မရီး ကို စမိတ်ဆက်ပေးပါတယ်...
သူ့ အစ်ကို က Lars ကိုရူးနေဘီလို့ ထင်ပြီး ... မရီး ဖြစ်သူ ကတော့ ကူညီပေးဖို့ စိတ်အားထက်သန်နေပါတယ်....
နောက်ပိုင်းမှာ တော့ Lars ကို ခင်မင် ကြတဲ့ မြို့သူမြို့သား တွေ ကပါ လားရဲ့ အရုပ် ရည်းစား Bianca ကို
လူတစ်ယောက်လို ဆက်ဆံလာ ကြပါတော့တယ်....
ရီစရာလည်း ကောင်း.. သနားစရာလည်း ကောင်းတဲ့ ဒီ ဇာတ်လမ်းဟာ စိတ်ရောဂါ အကြောင်းလည်း ပညာရပါတယ်....
၂၀၀၇ အတွက် အော်စကာ ဆု စကာတင် စားရင်းဝင်ခဲ့တဲ့ ဒီ ဇာတ်ကားမှာ...
Lars အဖြစ် မင်းသားချော Ryan Gosling က ဦးဆောင်ပါဝင် သရုပ်တောင်ထားပါတယ်....