
ဒီနေ့ကြည့်မိတဲ့ ဇာတ်လမ်းလေးကတော့ "နတ်မိမယ်" ဆိုတဲ့ မြန်မာဗွီဒီ ယိုဇာတ်လမ်းလေးပါ…
ဒါရိုက်တာ က တော့ တင့်တင့်ထွန်း ဖြစ်ပြီးတော့… ဇာတ်လမ်း အစမှာပဲ သူ ပထမ ဦးဆုံးဒါရိုက်တာလုပ်ပြီး သရုပ်ဆောင်သော ဇာတ်လမ်းဖြစ်ပါကြောင်း… လိုအပ်ချက်များရှိပါကြောင်း.. နားလည်ခွှင့်လွှတ်ပေးစေချင်တဲ့ အကြောင်းစာတမ်းထိုးထားခဲ့ပါတယ်….
မတင့်က ဒီကားကို Charles Angels လိုလို Naked Weapon လိုလို ရိုက်ချင်တယ်နဲ့တူပါတယ် …ဇာတ်လမ်းကတော့ တော်တော် မကောင်းပါဘူး… ရိုက်ထားတာတွေ လည်းညံ့ပါတယ်… ဇာတ်ကားကလည်း အချိတ်အဆက်မကောင်းပါဘူး…
အဲဒါကြောင့် ဇာတ်လမ်းကို ဆုံးအောင်တောင် မကြည့်ဖြစ်လိုက်ဘူး… (အားနာပါတယ် မတင့်ရေ).. ဆက်ကြိုးစာပါ… အားမလျှော့ပါနဲ့လို့တော့ ပြောချင်ပါတယ်…
ဒီဇာတ်ကားကိုတော့ Burmese Classic မှာ သွားကြည့်ဖို့ပြောလိုက်ပါရစေ
ဒီဇာတ်ကားဟာ တော် ရှေ့နောက်မညီပါဘူး…
ဥပမာ… အရောင်းစားရေးမ တင့်တင့်ထွန်းဟာ သူအလုပ်ပြုတ်တဲ့အကြောင်းကို လမ်းဘေး POC ကနေ သူ့သူငယ်ချင်းကို ဖုန်းဆက် အကြောင်းကြားပီး.. နောက်တစ်ခန်းမှာ တော့ ဟန်းဖုန်း ကိုင်နေတာပါပဲ….
ပြီးရင် ပိုက်ဆံမရှိတဲ… ဒါမှမဟုတ့် ၀င်ငွေမကောင်းနိုင်တဲ့ ကောင်မလေးတွေဟာ.. ကလပ်မှာ (DJ Bar ဖြစ်မယ်ထင်တယ်) သွားပြီးကဲနေကြတာ…
ဘာမှန်းမသိတဲ့ အလုပ်တွေ လုပ်ဖို့.. Physical training တွေလုပ်နေတာ….
ချုံပြီးတော့ ပြောရရင်တော့… ဒီဇာတ်လမ်းဟာ မတင့်က သူပြသချင်နေတဲ့.. sexy ဖြစ်မှုတွေ… သူရဲ့ သီချင်းတွေ .. stripper ဆန်ဆန်ပြကွက်တွေကို.. အဆက်အစပ်မရှိ … ဇာတ်လမ်းမကောင်း…. ဆင်ဆာ အဖြတ်အတောက်မခံရပဲ .. မိုးဟေကို နဲ့ သင်ဇာဝင်ကျော်ကို အားကိုးပြီးပြသွားတယ်လို့ပြောရမှာပဲ..
ပြချင်တာတွေ တအားများနေတယ်လို့ထင်ပါတယ်…
ဒီဇာတ်လမ်းထဲက ကကွက် ပြကွက်တွေကတော့ လန်းတယ်လို့ ကော်ကော်ပြောချင်ပါတယ်…
ဝါသနာပါရင် ကြည့်လို့ရအောင်ပေါ့….
0 comments:
Post a Comment