Tuesday, July 31, 2007

ဆံပင်ရောင်း ၀ယ်ရေး

ဆံပင် ရောင်းဝယ်ရေးလုပ် ငန်းတော်တော် ကြီးထွားလာတဲ့ အကြောင်း ဘားမားတူဒေး မှာ ဖတ်လိုက်ရတယ် ..စိတ်မကောင်းစရာပဲ .... အပြည့်အစုံကို ဒီလင့်ခ် မှာ သွားဖတ်လိုက်ကြနော် ...

http://blogger.burmatodaymedia.com/blog_article/070730_mar_jay.swf

Tuesday, July 10, 2007

နီးလို့ မရတဲ့ ဘဝ

ချစ်ရက် နဲ့ ဘာလို့ ဝေးကြရမှာလဲ ...

..ဒီမေးခွန်းကို ကိုယ့်ဟာ ကိုမေးကြည့်တယ် ......ပေါင်းစပ်လို့ ဘယ်လိုမှ မဖြစ်နိုင်လို့ပဲပေါ့ ..ဒီ အဖြေက လွဲပြီး ကျန်တာ တစ်ခုမှ တွေးလို့ မရဘူး ...တွေးမိတိုင်းလဲ ရင်မှာ ကြေကွဲ ခံစားရတယ် ...

ချစ်တာ တစ်ခုတည်းနဲ့ အိမ်ထောင် တစ်ခု ကို တည်ဆောက်လို့

မရဘူးတဲ့ ...
အင်း ဟုတ်ပါတယ် ....ဒါပေမယ့် ... သူကလွဲပြီး ဘယ်သူ့ကိုမှ ချစ်ဖို့ မဖြစ်နိုင်တော့ ...ချစ်လျက်နဲ့ပဲ ဝေးသွား ကြရမယ့် အချိန်ကို .. မျှော်လင့်နေရမှာပေါ့ .....

Saturday, June 30, 2007

ပထမ ဆုံး ပိုစ် ......

ဘလော့ စရေး မယ်လို့ စဉ်းစားမိတော့ ... ဘယ်ကနေ ဘယ်လိုစရမယ်မှန်းမသိ ဖြစ်နေတယ်....ဘလော့ ရေးနေကြတဲ့ သူငယ်ချင်းတွေ ကိုမေး ... သူတို့ပြောတဲ့ အတိုင်း အကောင့် တွေ့ ယူပြီးပြန်တော့ ...နောက် ပြသနာ တစ်ခု က ပေါ်လာပြန်ရော ... ထုံးစံ အတိုင်း ဘလော့မှာ မြန်မာလိုပေါ် အောင်လုပ်ရတဲ့ ပြသနာပေါ့ ...ဒီ ပြသနာ က တော်တော် နဲ့အဆင် မပြေဘူး ... သူများ တွေ ပေးတဲ့ နည်းအတိုင်း font တွေ လိုက်ပြင်တာ လဲ အဆင်မပြေ ...ကိုယ်တိုင်ကလည်း အဲဒီ coding တွေနဲ့ မရင်းနှီးတာ လည်းပါတာပေါ့ .... အင်း... နောက် ဆုံတော့ .. သူငယ်ချင်း တစ်ယောက် ကသူ အသင့်ပြင်ထားတဲ့ Template ကို ပို့ပေးတော့မှ ပဲရတော့တယ်...... ဘာပဲ ပြောပြော အခုတော့ ဘလော့ ကို မြန်မာလို ရေးလို့ရပါပြီ ....