ထူးထူး ဆန်းဆန်း သတင်း တစ်ပုဒ် တွေ့ လို့ ...
UAE နိုင်ငံ မှာ ကား နံပါတ် 1 ကို ဒေါ်လာ 14.5 သန်း နဲ့ လေလံပစ်ပြီး ၀ယ်သွားပါသတဲ့ ..
ဝယ်သွားတဲ့ သူကတော့ ... Saeed Khori ဆိုတဲ့ အဘူဒါဘီ မြို့ က ချမ်းသာတဲ့ မိသားစု က လူတစ်ယောက်ပါ ...
ှဓာတ်ပုံ ထဲ မြင်ရတာ တော့ အသက်သိပ်ကြီးသေးမဲ့ ပုံ မပေါက်ဘူး....
အဲဒီ နံပါတ် က နံပါတ် 1 တစ်ခုထဲ ပါပါတယ်... အဲဒီ နံပါတ် က အကောင်းဆုံနံပါတ်မို့ ရအောင် ၀ယ်ပါသတဲ့ ...
ဘာတွေများ နောက်ထပ် ကောင်းစရာ ရှိလို့ ဒီလောက်ပေးဝယ်ရတာလဲမသိဘူး...
ကော်နီ တော့ ကားနံပါတ် ပြား အတွက် တော့ ဒေါ်လာ ၁၄.၅ သန်းမပြောနဲ့ .. ဒေါ်လာ ၁၄၀ တောင် မပေးချင်ဘူး .....
Tuesday, February 19, 2008
Saturday, January 26, 2008
လစ်သွေးနီးယား နိုင်ငံအမည် ပြောင်းလဲမှည့်ခေါ်ရန် အစိုးရစဉ်းစားနေ.... မြန်မာရော..
http://www.khitlunge.org.mm/news/news_detail.aspx?info_id=5059
ခေတ်လူငယ်မှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ပါ ...လစ်သူယေးနီးယား နိုင်ငံ က သူတို့ နိုင်ငံ ကို အင်္ဂလိပ်လို ခေါ်လို့ လွယ်မယ့် နာမည်ပြောင်းမယ်လို့ဆိုပါတယ်....ကော်နီ့ တော့ လစ်သူယေးနီးရား ဆိုတဲ့ နာမည်က ခေါ်လိုလွယ်တယ် လို့ ထင်တာပဲ.....လူတိုင်းလည်း မှန်မှန် ကန်ကန် အသံထွတ်နိုင်ကြတယ်....
တကယ်တမ်း လူတိုင်း ခေါ်လို့ မလွယ် တာက မြန်မာဆိုတဲ့ နာမည်.... အဲ ခေါ်လို့ မလွယ်တာ မဟုတ်ဘူး....မြန်မာ တွေ က လွဲ ရင် မြန်မာ ဆိုတဲ့ နာမည် ကို ပီပီသသ အသံထွတ်နိုင်တဲ့ လူ မတွေ့ဖူးဘူး ...တစ်ကယ်က နာမည် ဆိုတာ က အရေးတော့ မကြီးပါဘူးလေ...ဒါပေမယ်လည်း ကိုယ်နိုင်ငံ ကို တစ်ခြားသူတွေ ပီပီသသ ပြောစေချင်တာပေါ့....အခုတော့ ကိုယ်တိုင် က မြန်မာလို့ အသံ ထွတ်ပြ ရင်လည်း သူများနားမလည်....သူတို့တွေ အသံ ထွတ်ပြန်တော... မီယံမာ... မရန်မာ... မေမာ... တွေစုံလို့ ....ကိုယ်နိုင်ငံ နာမည် ကိုယ်ပြန်ကြားရတာ စိတ်ထဲ တစ်မျိုးကြီးပဲ....
ဘားမား ဆိုရင်တော့ ချက်ချင်းသိသေတယ်.....ဘားမား ဆိုတဲ့ နာမည် ကိုတော့ သိပ်မသုံးချင်ဘူး ...ဘားမား ဆိုတာ က အင်္ဂလိပ်တွေ ဗမာ လူမျိုးတစ်မျိုးထဲ ကိုပဲ ရည်ရွယ်ပြီး ပေးသွားတဲ့ နာမည် လို့ စိတ်ထဲဝင်နေတယ်...တရုတ်တွေ ကျတော့ မြန်မာဆိုရင်မသိဘူး ... မရန်တျန့် လို ခေါ်တယ်ဆိုပဲ ....အရေးကြီးတဲ့ ကိစ်စတော့ မဟုတ်ဘူး.... တစ်ကယ်လို့များ အခြေအနေ ပေးလာရင် .... နာမည် ပြောင်းဖို့ စဉ်းစားသင့်တယ်ထင်တယ်

Thursday, January 24, 2008
လျှပ်တစ်ပြတ် ဂျာနယ်... လုပ်လိုက်ပြန်ဘီ.....
လျှပ်တစ်ပြတ် ဂျာနယ် ကတော့ အင်တာ နက် hoax ကို သတင်းလုပ်ပြီးဂျာနယ်ထဲ ထဲလိုက်ပြန်ဘီ ...
စ ဖတ်မိ ချင်းတော့ ကျက်သီး ထမိသေးတယ် .. နောက်မှ ဟုတ့်ပါ့မလားဆိုပြီး .. Google လုပ်လိုက်မှ ...
မဟုတ်မှန်း သိရတယ်.....
သတင်းကိုတော့ ဒီအောက်ကလင့်မှာ သွားကြည့်ပါ....
ှဓာတ်ပုံ က မြင်ရတာ အသည်းယားလို့ မတင်ပေးလိုက်တော့ဘူး ...
http://www.snapshot-news.com/snapshot/64/17.htm

Wednesday, December 12, 2007
လာပြန်ပြီတစ်ခါ .... Cambodia
Cambodian leader blasts report, says UN should leave Myanmar alone
Cambodia က မြန်မာစစ် အစိုးကို ဘာကြောင့်မို့များ အတင်းကာရော အားပေးနေရသလဲနော် စဉ်းစားစရာပဲ ...

Monday, December 10, 2007
Myanmar Team in Sea Games 2007

မြန်မာ့ အားကစား ကမ်ဘာကို လွှမ်း မလွှမ်းတော့ မသိဘူး ..
အာဆီယံမှာ တောင် အဆင့် (၇) မှာရောက်နေတယ်...လောလောဆယ်တော့...
ဒီထက် ဆုတံဆိပ်တွေပို လာဖို့လဲ မမြင်မိဘူး.... မြန်မာပြည် လူဦးရေ က သန်း (၅၀) နီးပါးဆိုတော့... ဆုတံဆိပ် က နဲနေတယ်....
အင်း ..လိုအပ်ချက်တွေများ နေလို့ပေါ့နော်.....
တာဝန်ရှိလူကြီးမင်းတွေ က ဒီလောက်လိုအပ်တာတွေမှာ ကြားလျက် နဲ့.... ဟီး....ရှိစေတော့ ....
Thursday, November 15, 2007
စစ်အစိုးရ လိမ်ညာနေပါတယ်.....
မြန်မာ စစ်အစိုးရ က အမျိုးသားရင် ကြားစေ့ရေးကို လုံးဝအလိုမရှိဘူးဆိုတာ ..နိုင်ငံရေး လှုပ်ရှားသူတွေ ကို ထိန်းသိမ်းထားခြင်းက သက်သေပြနေပါတယ်....ဒါကြောင့်မို့ စစ်အစိုးရရဲ့ လိမ်ညာ လှည့်ဖျားဖို့ကြိုးစားနေတာ တွေ ကို သတိထားကြပါ....နိုင်ငံတကာ ကို လှည့်ဖျာဖို့ကြိုးစားနေချင်းသာဖြစ်ပါတယ်....
သန်းရွှေ ရဲ့ စစ်အစိုးရ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်မယ်ဆိုတာ ကို လုးံဝအယုံအကြည်မရှိပါ...
နိုင်ငံရေးလှုပ်ရှားသူတွေကို ချက်ချင်းလွှတ်ပေး ဖို့ ဒီနေရာကနေ တောင်းဆိုပါတယ်....

Wednesday, November 7, 2007
Subscribe to:
Posts (Atom)