ဂျပန် ဘုရင့်မြေးတော်လေးက ပြေးလာတဲ့ ကျောင်းသားလေးနဲ့တိုက်မိလို့ လန့်ပြီ အိမ်ပြန်သွားရတယ် တဲ့ သူ့နားမှာ လေလည် မရင်လည်း လန့်မယ်ပုံပဲ… အလင်းတန်းဂျာနယ် မှာဖတ်လိုက်ရတာပါ။
Tuesday, March 9, 2010
သတိ လေမလည်ရ
Monday, February 1, 2010
Amazing Blogger Skin
ဒီနေတော့ ဘလော့လေးကို အင်္ကျီလေးပြောင်းဝတ်ပေးလိုက်ပါတယ်... http://www.bloggertemplatesblog.com ကနေရတာပါ... အဒီဆိုဒ်မှာ ဘလော့ဂါ အင်္ကျီလေးတွေ တော်တော်လှပါတယ်... ကော်နီ တော့ ခဏခဏ အင်္ကျီ လဲဖြစ်တော့မယ်ထင်ပါတယ်...
Sunday, December 27, 2009
မြန်မာကြော်ငြာ
ဒီပုံလေးကတော့ ရိုးရိုးလေးပါ... ကိုယ်ဝန်ဆောင် အမျိုးသမီးပုံစံ နဲ့ ပုလဲဝင်းက သရုပ်ဆောင်ပြီးရိုက်ထားတဲ့ ကိုယ်ဝန်ဆောင်ကလေးအားဆေးပါ... ဒီပုံမှာ လွဲနေတာ တစ်ခုရှိပါတယ်... အဲတာကတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးက ဗိုက်ပဲကြီးနေတာပါပဲ.. အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တဲ့ အခါ ဗိုက်ပဲ ကြီးလာတာ မဟုတ်ပါဘူး..ရင်သား တွေလည်း အထိုက်အလျှောက် ကြီးလာပါတယ်... မြန်မာ ကိုယ်ဝန်ဆောင် အာဆေး ကြော်ညာ တွေ နဲ့ ရုပ်ရှင် ဗီဒီယို ဇာတ်လမ်း တွေက ကိုယ်ဝန်ဆောင်တဲ့အခန်းတွေ မှာ အဲလို အမှားတွေ တွေ့ရတာများပါတယ်.... အခုတော့ ရင်သားတွေ မကြီးပဲ ဗိုက်ပဲ ထွတ်နေတာ့ ရေဖျဉ်းစွဲ နေတာနဲ့တူပါတယ်....
Sunday, December 20, 2009
မြန်မာ ပေါ့အဆိုတော် MTV EXIT ကင်ပိန်း သံအမတ်အဖြစ်ရွေးချယ်ခံရ (သို့) အရူးကို အမဲသားကျွေးခြင်း…
ကဲ… ဒေါ်ဖြူဖြူကျော်သိန်းတော့ အမ်တီဗီ သံအမတ်အဖြစ် အရွေးခံလိုက်ရပါတယ်… တကယ်တော့ ဖြူဖြူကျော်သိန်း ထက် ပိုပြီးတော့ ထိထိရောက်ရောက် လုပ်ပေးနိုင်မယ့် အဆိုတော်တွေရှိရဲ့သားနဲ့ သူ့ကိုရွေးလိုက်တာမှားတယ်လို့ပြောချင်ပါတယ်… ဖြူဖြူကျော်သိန်း အနေနဲ့ ကြွားစရာတစ်ခု ရတယ်ဆိုတာထက် ပိုလုပ်ပေးနိုင်ပါစေလို့ပဲ ကော်ကော် ဆုတောင်းလိုက်ပါတယ်… ဂေါ့ဘလပ်စ် ယူ ဖြူဖြူ
source: Mizzima News Agency
source: Mizzima News Agency
Friday, November 27, 2009
နတ်မိမယ်များ...

ဒီနေ့ကြည့်မိတဲ့ ဇာတ်လမ်းလေးကတော့ "နတ်မိမယ်" ဆိုတဲ့ မြန်မာဗွီဒီ ယိုဇာတ်လမ်းလေးပါ…
ဒါရိုက်တာ က တော့ တင့်တင့်ထွန်း ဖြစ်ပြီးတော့… ဇာတ်လမ်း အစမှာပဲ သူ ပထမ ဦးဆုံးဒါရိုက်တာလုပ်ပြီး သရုပ်ဆောင်သော ဇာတ်လမ်းဖြစ်ပါကြောင်း… လိုအပ်ချက်များရှိပါကြောင်း.. နားလည်ခွှင့်လွှတ်ပေးစေချင်တဲ့ အကြောင်းစာတမ်းထိုးထားခဲ့ပါတယ်….
မတင့်က ဒီကားကို Charles Angels လိုလို Naked Weapon လိုလို ရိုက်ချင်တယ်နဲ့တူပါတယ် …ဇာတ်လမ်းကတော့ တော်တော် မကောင်းပါဘူး… ရိုက်ထားတာတွေ လည်းညံ့ပါတယ်… ဇာတ်ကားကလည်း အချိတ်အဆက်မကောင်းပါဘူး…
အဲဒါကြောင့် ဇာတ်လမ်းကို ဆုံးအောင်တောင် မကြည့်ဖြစ်လိုက်ဘူး… (အားနာပါတယ် မတင့်ရေ).. ဆက်ကြိုးစာပါ… အားမလျှော့ပါနဲ့လို့တော့ ပြောချင်ပါတယ်…
ဒီဇာတ်ကားကိုတော့ Burmese Classic မှာ သွားကြည့်ဖို့ပြောလိုက်ပါရစေ
ဒီဇာတ်ကားဟာ တော် ရှေ့နောက်မညီပါဘူး…
ဥပမာ… အရောင်းစားရေးမ တင့်တင့်ထွန်းဟာ သူအလုပ်ပြုတ်တဲ့အကြောင်းကို လမ်းဘေး POC ကနေ သူ့သူငယ်ချင်းကို ဖုန်းဆက် အကြောင်းကြားပီး.. နောက်တစ်ခန်းမှာ တော့ ဟန်းဖုန်း ကိုင်နေတာပါပဲ….
ပြီးရင် ပိုက်ဆံမရှိတဲ… ဒါမှမဟုတ့် ၀င်ငွေမကောင်းနိုင်တဲ့ ကောင်မလေးတွေဟာ.. ကလပ်မှာ (DJ Bar ဖြစ်မယ်ထင်တယ်) သွားပြီးကဲနေကြတာ…
ဘာမှန်းမသိတဲ့ အလုပ်တွေ လုပ်ဖို့.. Physical training တွေလုပ်နေတာ….
ချုံပြီးတော့ ပြောရရင်တော့… ဒီဇာတ်လမ်းဟာ မတင့်က သူပြသချင်နေတဲ့.. sexy ဖြစ်မှုတွေ… သူရဲ့ သီချင်းတွေ .. stripper ဆန်ဆန်ပြကွက်တွေကို.. အဆက်အစပ်မရှိ … ဇာတ်လမ်းမကောင်း…. ဆင်ဆာ အဖြတ်အတောက်မခံရပဲ .. မိုးဟေကို နဲ့ သင်ဇာဝင်ကျော်ကို အားကိုးပြီးပြသွားတယ်လို့ပြောရမှာပဲ..
ပြချင်တာတွေ တအားများနေတယ်လို့ထင်ပါတယ်…
ဒီဇာတ်လမ်းထဲက ကကွက် ပြကွက်တွေကတော့ လန်းတယ်လို့ ကော်ကော်ပြောချင်ပါတယ်…
ဝါသနာပါရင် ကြည့်လို့ရအောင်ပေါ့….
Monday, November 23, 2009
ကော်နီ.. ပြန်လာပါဘီ
ကော်နီ ပြန်လာပါဘီ ဆိုလို့ ကော်ကော် တစ်ခြားဂြိုလ် သွာနေတယ်များမထင်လိုက်ပါနဲ့အုံးနော်...
အင်းထင်မယ်ဆိုရင်လည်းထင်လောက်ပါတယ်.. ကော်ကော်လည်း ဘလော့ကိုပစ်ထားတာ ကြာမှကိုး...
ဒီလောက်အကြာကြီး ဘလော့ကို ပစ်ထားပြီး ဘယ်များသဝေ ထိုးနေသလဲလို့ မေးချင်ရင်မေးလို့ရပါတယ်...
ဘယ်မှသဝေမထိုးပါဘူး... ဘန်းကျော်ကို ရောက်နေလို့ ဘလော့ရေးရမှာကို စိတ်မပါဘူး ဖြစ်နေလို့ပါ...
အခုတော့ အခြေအနေတွေပေးလို့ .. freedom to surf လို့ရတဲ့နေရာကို ရောက်ပီဆိုတော့.. ကော်ကော် ဘလော့ပြန်ရေးပါတော့မယ်....

Monday, March 10, 2008
Lars And The Real Gril

ဒီတစ်ခါ ပြောချင်တဲ့ ရုပ်ရှင် က Lars And The Real Girl ပါ ...
အလွန် ရှက်တတ် တဲ့ Lars ဆိုတဲ့သူရဲ့ ကြောင်းပါ...
Lars ဟာမြို့ငယ်လေး တစ်မြို့ က လူချစ်လူခင် များတဲ့ အသက် ၂၇ နှစ်အရွယ် လူငယ် တစ်ယောက်ပါ....
ရှက်တတ်လွန်းပြီး မိန်းကလေး တွေနဲ့ အတွေအထိမရှိတဲ့ Lars တစ်ယောက်
Delusion ရလာပါတော့တယ် ...
သူဟာ အင်တာနက် ပေါ် ကနေ ၀ယ်လာတဲ့ အရုပ်ကြီး ကို
သူ အင်တာနက်ပေါ် မှာ ဆုံခဲ့တဲ့ ရည်းစား အဖြစ်နဲ့ သူ့ အကို နဲ့ မရီး ကို စမိတ်ဆက်ပေးပါတယ်...
သူ့ အစ်ကို က Lars ကိုရူးနေဘီလို့ ထင်ပြီး ... မရီး ဖြစ်သူ ကတော့ ကူညီပေးဖို့ စိတ်အားထက်သန်နေပါတယ်....
နောက်ပိုင်းမှာ တော့ Lars ကို ခင်မင် ကြတဲ့ မြို့သူမြို့သား တွေ ကပါ လားရဲ့ အရုပ် ရည်းစား Bianca ကို
လူတစ်ယောက်လို ဆက်ဆံလာ ကြပါတော့တယ်....
ရီစရာလည်း ကောင်း.. သနားစရာလည်း ကောင်းတဲ့ ဒီ ဇာတ်လမ်းဟာ စိတ်ရောဂါ အကြောင်းလည်း ပညာရပါတယ်....
၂၀၀၇ အတွက် အော်စကာ ဆု စကာတင် စားရင်းဝင်ခဲ့တဲ့ ဒီ ဇာတ်ကားမှာ...
Lars အဖြစ် မင်းသားချော Ryan Gosling က ဦးဆောင်ပါဝင် သရုပ်တောင်ထားပါတယ်....
Thursday, February 21, 2008
Video အညျန်း : Awake...

ဒီနေ့ ကြည်ဖြစ်တဲ့ ဇာတ်လမ်းကတော့ AWAKE ဆိုတဲ ဇာတ်လမ်းလေးပ်...
စိတ်ဝင်စားစရာတော်တော် ကောင်းပါတယ် .....
New York က နှလုံးရောဂါရှိတဲ့ သူဌေးသား တစ်ယောက်ကို နှလုံး အစားထိုးကုသမှုကို အကြောင်းပြုပြီး
အမြတ်ထုတ်ဖို့ ကြိုးစားကြတဲ့ ဆေးရုံ တစ်ရုံက ဆရာဝန်နဲ့ သူနာပြု လေးယောက်ရဲ့ အကြောင်းပါ....
သည်းထိတ်ရင်ဖို ကြည့်ရှုရတဲ့ ဖာတ်လမ်းလေးပါ...
ဖာတ်လမ်းအစ မှာ တော့ သာမန်လေးပဲ ပေါ့ပေါ့ ပါးပါး လို့ထင်ရပေမယ့်...
နောက်ပိုင်းတော့ တော်တော့် ကို စိတ်ဝင်တစားကြည့်ရမှာပါ...
Jessica Alba နဲ့ Hayden Chritensen တို့ပါဝင်သရုပ်ဆောင်ထားပါတယ်....
Tuesday, February 19, 2008
$ 14.5 သန်းတန် .. နံပါတ်ပြား
ထူးထူး ဆန်းဆန်း သတင်း တစ်ပုဒ် တွေ့ လို့ ...
UAE နိုင်ငံ မှာ ကား နံပါတ် 1 ကို ဒေါ်လာ 14.5 သန်း နဲ့ လေလံပစ်ပြီး ၀ယ်သွားပါသတဲ့ ..
ဝယ်သွားတဲ့ သူကတော့ ... Saeed Khori ဆိုတဲ့ အဘူဒါဘီ မြို့ က ချမ်းသာတဲ့ မိသားစု က လူတစ်ယောက်ပါ ...
ှဓာတ်ပုံ ထဲ မြင်ရတာ တော့ အသက်သိပ်ကြီးသေးမဲ့ ပုံ မပေါက်ဘူး....
အဲဒီ နံပါတ် က နံပါတ် 1 တစ်ခုထဲ ပါပါတယ်... အဲဒီ နံပါတ် က အကောင်းဆုံနံပါတ်မို့ ရအောင် ၀ယ်ပါသတဲ့ ...
ဘာတွေများ နောက်ထပ် ကောင်းစရာ ရှိလို့ ဒီလောက်ပေးဝယ်ရတာလဲမသိဘူး...
ကော်နီ တော့ ကားနံပါတ် ပြား အတွက် တော့ ဒေါ်လာ ၁၄.၅ သန်းမပြောနဲ့ .. ဒေါ်လာ ၁၄၀ တောင် မပေးချင်ဘူး .....

Saturday, January 26, 2008
လစ်သွေးနီးယား နိုင်ငံအမည် ပြောင်းလဲမှည့်ခေါ်ရန် အစိုးရစဉ်းစားနေ.... မြန်မာရော..
http://www.khitlunge.org.mm/news/news_detail.aspx?info_id=5059
ခေတ်လူငယ်မှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ပါ ...လစ်သူယေးနီးယား နိုင်ငံ က သူတို့ နိုင်ငံ ကို အင်္ဂလိပ်လို ခေါ်လို့ လွယ်မယ့် နာမည်ပြောင်းမယ်လို့ဆိုပါတယ်....ကော်နီ့ တော့ လစ်သူယေးနီးရား ဆိုတဲ့ နာမည်က ခေါ်လိုလွယ်တယ် လို့ ထင်တာပဲ.....လူတိုင်းလည်း မှန်မှန် ကန်ကန် အသံထွတ်နိုင်ကြတယ်....
တကယ်တမ်း လူတိုင်း ခေါ်လို့ မလွယ် တာက မြန်မာဆိုတဲ့ နာမည်.... အဲ ခေါ်လို့ မလွယ်တာ မဟုတ်ဘူး....မြန်မာ တွေ က လွဲ ရင် မြန်မာ ဆိုတဲ့ နာမည် ကို ပီပီသသ အသံထွတ်နိုင်တဲ့ လူ မတွေ့ဖူးဘူး ...တစ်ကယ်က နာမည် ဆိုတာ က အရေးတော့ မကြီးပါဘူးလေ...ဒါပေမယ်လည်း ကိုယ်နိုင်ငံ ကို တစ်ခြားသူတွေ ပီပီသသ ပြောစေချင်တာပေါ့....အခုတော့ ကိုယ်တိုင် က မြန်မာလို့ အသံ ထွတ်ပြ ရင်လည်း သူများနားမလည်....သူတို့တွေ အသံ ထွတ်ပြန်တော... မီယံမာ... မရန်မာ... မေမာ... တွေစုံလို့ ....ကိုယ်နိုင်ငံ နာမည် ကိုယ်ပြန်ကြားရတာ စိတ်ထဲ တစ်မျိုးကြီးပဲ....
ဘားမား ဆိုရင်တော့ ချက်ချင်းသိသေတယ်.....ဘားမား ဆိုတဲ့ နာမည် ကိုတော့ သိပ်မသုံးချင်ဘူး ...ဘားမား ဆိုတာ က အင်္ဂလိပ်တွေ ဗမာ လူမျိုးတစ်မျိုးထဲ ကိုပဲ ရည်ရွယ်ပြီး ပေးသွားတဲ့ နာမည် လို့ စိတ်ထဲဝင်နေတယ်...တရုတ်တွေ ကျတော့ မြန်မာဆိုရင်မသိဘူး ... မရန်တျန့် လို ခေါ်တယ်ဆိုပဲ ....အရေးကြီးတဲ့ ကိစ်စတော့ မဟုတ်ဘူး.... တစ်ကယ်လို့များ အခြေအနေ ပေးလာရင် .... နာမည် ပြောင်းဖို့ စဉ်းစားသင့်တယ်ထင်တယ်

Thursday, January 24, 2008
လျှပ်တစ်ပြတ် ဂျာနယ်... လုပ်လိုက်ပြန်ဘီ.....
လျှပ်တစ်ပြတ် ဂျာနယ် ကတော့ အင်တာ နက် hoax ကို သတင်းလုပ်ပြီးဂျာနယ်ထဲ ထဲလိုက်ပြန်ဘီ ...
စ ဖတ်မိ ချင်းတော့ ကျက်သီး ထမိသေးတယ် .. နောက်မှ ဟုတ့်ပါ့မလားဆိုပြီး .. Google လုပ်လိုက်မှ ...
မဟုတ်မှန်း သိရတယ်.....
သတင်းကိုတော့ ဒီအောက်ကလင့်မှာ သွားကြည့်ပါ....
ှဓာတ်ပုံ က မြင်ရတာ အသည်းယားလို့ မတင်ပေးလိုက်တော့ဘူး ...
http://www.snapshot-news.com/snapshot/64/17.htm

Wednesday, December 12, 2007
လာပြန်ပြီတစ်ခါ .... Cambodia
Cambodian leader blasts report, says UN should leave Myanmar alone
Cambodia က မြန်မာစစ် အစိုးကို ဘာကြောင့်မို့များ အတင်းကာရော အားပေးနေရသလဲနော် စဉ်းစားစရာပဲ ...
Cambodia က မြန်မာစစ် အစိုးကို ဘာကြောင့်မို့များ အတင်းကာရော အားပေးနေရသလဲနော် စဉ်းစားစရာပဲ ...
Monday, December 10, 2007
Myanmar Team in Sea Games 2007

မြန်မာ့ အားကစား ကမ်ဘာကို လွှမ်း မလွှမ်းတော့ မသိဘူး ..
အာဆီယံမှာ တောင် အဆင့် (၇) မှာရောက်နေတယ်...လောလောဆယ်တော့...
ဒီထက် ဆုတံဆိပ်တွေပို လာဖို့လဲ မမြင်မိဘူး.... မြန်မာပြည် လူဦးရေ က သန်း (၅၀) နီးပါးဆိုတော့... ဆုတံဆိပ် က နဲနေတယ်....
အင်း ..လိုအပ်ချက်တွေများ နေလို့ပေါ့နော်.....
တာဝန်ရှိလူကြီးမင်းတွေ က ဒီလောက်လိုအပ်တာတွေမှာ ကြားလျက် နဲ့.... ဟီး....ရှိစေတော့ ....
Thursday, November 15, 2007
စစ်အစိုးရ လိမ်ညာနေပါတယ်.....
မြန်မာ စစ်အစိုးရ က အမျိုးသားရင် ကြားစေ့ရေးကို လုံးဝအလိုမရှိဘူးဆိုတာ ..နိုင်ငံရေး လှုပ်ရှားသူတွေ ကို ထိန်းသိမ်းထားခြင်းက သက်သေပြနေပါတယ်....ဒါကြောင့်မို့ စစ်အစိုးရရဲ့ လိမ်ညာ လှည့်ဖျားဖို့ကြိုးစားနေတာ တွေ ကို သတိထားကြပါ....နိုင်ငံတကာ ကို လှည့်ဖျာဖို့ကြိုးစားနေချင်းသာဖြစ်ပါတယ်....
သန်းရွှေ ရဲ့ စစ်အစိုးရ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်မယ်ဆိုတာ ကို လုးံဝအယုံအကြည်မရှိပါ...
နိုင်ငံရေးလှုပ်ရှားသူတွေကို ချက်ချင်းလွှတ်ပေး ဖို့ ဒီနေရာကနေ တောင်းဆိုပါတယ်....
သန်းရွှေ ရဲ့ စစ်အစိုးရ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်မယ်ဆိုတာ ကို လုးံဝအယုံအကြည်မရှိပါ...
နိုင်ငံရေးလှုပ်ရှားသူတွေကို ချက်ချင်းလွှတ်ပေး ဖို့ ဒီနေရာကနေ တောင်းဆိုပါတယ်....
Wednesday, November 7, 2007
Wednesday, October 31, 2007
UN နဲ့ US တပ်တွေ ၀င်လာ သင့်ပါသလား .... ?
ကော်နီ နိုင်ငံရေး ကို မရေးဘူးလို့ စဉ်းစားထားပါတယ် ...ဒါပေမယ့် .. အွန်လိုင်းပေါ်မှာ မြန်မာနိုင်ငံ ကို UN တပ်တို့ ...US တပ်တို့ ၀င်လာဖို့ တောင်းဆိုကြတဲ့ .. petition တွေတွေ့လာ တော့ ပြောချင်တာလေးတွေရှိလာပါတယ်...
မြန်မာ နိုင်ငံ ကို နိုင်ငံခြားတပ်တွေ ၀င်လာ မှာ ကတော့ ကောင်းမယ် လိုတော့ ကော်နီ မထင်ဘူး ...
UN...တို့ ..US တို့ က တပ်တွေ က ၀င်လာဖို့ က လွယ်တော့မလွယ်ပါဘူး ..ဒါပေမယ့် .. ဒီ လို UN .. US တပ်တွေ ၀င်လာသင့်တယ်ဆိုတဲ့ အတွေးကို တော့ နဲနဲ ပိုပြီး သုံးသပ်ကြစေလိုပါတယ် ...
UN တို့ US တို့ ၀င်လာပြီး စစ်ရေးအရ မဖြေရှင်း စေချင်တဲ့ အချက် နှစ်ချက်ရှိပါတာယ်....
ပထမ အချက် က ...
မြန်မာ အရေး ကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းသင့်တယ် .... ( ရနိုင်မယ် လို့ လည်းမျှော်လင့်ပါတယ် ..)
နောက်တစ်ချက် က ...
စစ်ဖြစ်မယ်ဆိုရင် မြန်မာပြည် သူတွေ ပိုပြီး ဒုက်ခ ရောက်ကြမယ် ....
တွေးမိတာလေးပါ ....

Saturday, September 29, 2007
Tuesday, September 25, 2007
ဒီနေ့ ၂၆ ရက်နေ့
ကော်နီ ဒီရက်တွေ မှာ ဘာမှလုပ်ဖို့ စိတ်မ၀င်စားပါဘူး ..... အချိန်နဲ့ အအမျှ မြန်မာပြည် သတင်းတွေပဲ စောင့်ပြီး ကြည့်နေပါတယ် ....အခုအချိန် အထိတော့ စစ်အစိုးရဘက်က အကြမ်းဖက် နှိမ်နင်းတာ မတွေ့ရသေးဘူး ....
မနေ့ည က သရုပ်ဆောင် ဇာဂနာ ... ကျော်သူ နဲ့ အတူ သံဃာ တော်တွေ ကို ကူညီပေးသူ တစ်ချို့ ကိုဖမ်းသွားတယ်လို့ သတင်းတွေမှာ တွေရပါတယ် .....ညမထွက်ရအမိန့်လဲ .. ထုတ်ထားပါတယ် ....
ပြည်းတွင်းပြည်ပ ကလူတွေရဲ့ သတင်း ဖြန့်ချီပေးမှု ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ် ....
အထူးသဖြင့် တာဝန်ကျေတဲ့ ဘလော့ဂါတွေပါ ....ဘာပဲပြောပြောအားလုံး သတိရှိကြဖို့ ကော်နီပြောချင်ပါတယ် .....ဒီနေ့ ၂၆ ရက်နေ့ က စပြီး စစ်အစိုး အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေရှိလာနိုင်တယ် .....အယောင်ဆောင် တွေ ကို သတိထားကြပါလို့ ပြောချင်ပါတယ် .....
အရေးတော်ပုံ အောင်မှာပါ .....
Friday, September 14, 2007
ကော်နီ အဆိုတော် မဟုတ်ပါ .....
ကော်နီ့ ရဲ့ ဘလော့ကို ၀င်ပြီးဖတ်ပေးကြတဲ့ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်...ဘလော့ကို သတိမရပဲ ပစ်ထားတာကြဘီ .... မနေ့ က ၀င်မိလို့ ....
ဘလော့တွေလိုက်ဖတ်ရင်း ...MyanmarBloggerDirectory ဘလော့ မှာ ကော်နီ(Vocalist) ဆိုပြီးတွေ့မိလို့ ...
ဒါပေမယ့် ... MyanmarBloggersDirectory မှာ ရေးထားသလို ကော်နီ Vocalist မဟုတ်တဲ့ အကြောင်း ပြောပါရစေ ...ကိုညီလင်းဆက် ကိုတော့ comment ရေးပြီး အသိပေးထားပါတယ် .. ဒါပေမယ့် အခုထိတော့ မပြင်ပေးသေးဘူး ....
တယ်ကယ်လို့ များ အဆိုတော်မကော်နီ မြင်လို့ရှိရင် .. သူနာမည့် အလွဲသုံးစားလုပ်တယ် ထင်နေမယ်ထင်တယ် ...အဲဒီအတွက် လဲ . ကော်ကော် ဒီပိုစ်နဲ့ ပဲ တောင်းပန်ပါတယ်နော် .... အဆိုတော် မကော်နီ ရဲ့ ဘလော့လို့ ထင်ပြီး ၀င်ဖတ်ကြတဲ့သူတွေကို လည်း တောင်းပန်းပါရစေ .....
ကျေးဇူး ...

Tuesday, July 31, 2007
ဆံပင်ရောင်း ၀ယ်ရေး
ဆံပင် ရောင်းဝယ်ရေးလုပ် ငန်းတော်တော် ကြီးထွားလာတဲ့ အကြောင်း ဘားမားတူဒေး မှာ ဖတ်လိုက်ရတယ် ..စိတ်မကောင်းစရာပဲ .... အပြည့်အစုံကို ဒီလင့်ခ် မှာ သွားဖတ်လိုက်ကြနော် ...
http://blogger.burmatodaymedia.com/blog_article/070730_mar_jay.swf
http://blogger.burmatodaymedia.com/blog_article/070730_mar_jay.swf
Subscribe to:
Posts (Atom)